Local Celebrity: နှစ်သုံးဆယ်ကြာမှ တစ်ကိုယ်တော်အခွေထွက်မယ့် မွန်းအောင်

ဒီဇင်ဘာ(၁၀)ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

play

 

မြန်မာပြည်တွင် တစ်ကိုယ်တော်အခွေ မထွက်ခဲ့သည်မှာ ၂၈နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် မွန်းအောင်ရဲ့ တစ်ကိုယ်တော် အခွေကို လာမယ့် ဒီဇင်ဘာ(၁၀)ရက်နေ့မှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ အခွေနာမည်ကို "ငြိမ်းချမ်းရေး မိုးစက်များ" လို့ ပေးထားပြီး အခွေထဲတွင် သီချင်း (၁၂)ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။

အခုထွက်ရှိမယ့် အခွေဟာ သူ့ရဲ့ ခုနှစ်ခွေမြောက် တစ်ကိုယ်တော်အခွေဖြစ်ပြီး တေးရေးတွေကတော့ ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုအောင်ဝင်း၊ ကိုDချစ်မျိုးတို့ ရေးသားပေးထားသလို သူကိုယ်တိုင် ရေးသားထားသည့် သီချင်းတစ်ပုဒ် လည်း ပါဝင်တယ်လို့ သိရပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီလထဲမှာလည်း သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ထပ်မံ ပြုလုပ်ရန် စီစဉ်ထားပြီး ဖျော်ဖြေပွဲကို "လွမ်းရတဲ့ညတွေလွန်ပါစေ" လို့ နာမည်ပေးထားကြောင်း သိရပါတယ်။

အဆိုတော် မွန်းအောင်ဟာ တစ်ကိုယ်တော်အခွေများအနေနဲ့ ၈/၈၂အင်းလျား၊ မိုးလုံးမှိုင်း၊ စိဉ္ဇာမာနဉာဏ်၊ လွမ်းရတဲ့ ညတွေလွန်ပါစေ အခွေများကို ပြည်တွင်းမှာ ထွက်ရှိခဲ့ပြီး ဘန်ကောက်တွင် ငြိမ်းချမ်းရေးတိုက်ပွဲနဲ့ နော်ဝေးတွင် လွတ်မြောက်ရာလမ်းအခွေတို့ကို ဖြန့်ချိနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ