Local Celebrity: ကောင်းပြည့်ကို ကိုယ်တိုင် ကျောင်းလိုက်အပ်ပေးတဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံ

သေသေချာချာ လိုက်အပ်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။

play

 

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ ကောင်းပြည့်ကို ဆုပန်ထွာတို့ ဇနီးမောင်နှံက ကိုယ်တိုင် ဆေးတက္ကသိုလ် (၂)သို့ ကျောင်းလိုက်အပ်ပေးခဲ့ပါတယ်။ ကောင်းပြည့်လေးကို ဆုပန်ထွာတို့ ဇနီးမောင်နှံက သေသေချာချာလေးနဲ့ လိုက်လံအပ်ပေးခဲ့တာကိုလည်း ဓာတ်ပုံလေးတွေက တစ်ဆင့် တွေ့ရပါတယ်။

play

 

ကောင်းပြည့်လေး တက်ချင်တဲ့ ဆေးကျောင်းကို တက်ရမှာမို့ ပျော်နေသလို အဲ့လို ပျော်နေတဲ့ ကလေးကို ကြည့်ပြီး ကိုဥက္ကာနဲ့ ဆုပန်ထွာတို့ကလည်း ပီတိဖြစ်ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ ကောင်းပြည့်လေး ဆေးကျောင်းပြီးတဲ့အထိ သူ့ရဲ့ ပညာရေးစရိတ်ကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးသွားမယ်လို့ သူမက ဆိုပါတယ်။

play

 

"သူဆေးကျောင်းပီးတဲ့အထိ သူ့ရဲ့ပညာရေးကျောင်းစရိတ်ကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးသွားပါ့မယ်။ အိမ်မှာကျောင်းသွားမအပ်ခင် " သားသားမောင်ကောင်းပြည့် မင်းဆရာဝန်ကြီးလုပ်တော့မှာပေါ့ လို့ " ပြောတော့ ခေါင်းညိမ့်ပီး သူပြုံးပြတဲ့ အပြုံးလေးက မျော်လင့်ချက်တွေ၊ပျော်ရွင်မှူတွေ အပြည့်နဲ့ ဆိုတာ သိသာလိုက်တာ။ Fighting သားသားမောင်ကောင်းပြည့်။ ဆရာဝန်ဘွဲ့ဝတ်စုံလေးနဲ့ သူ့ကိုကြိုမြင်ယောင်ကြည့်ရင်း" လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ဆုပန်ထွာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ