Local Celebrity: ဦးအောင်ခိုင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း(၁၁)နှစ်ပြည့်အလှူ

အောင်ဇမ္မူကျောင်းတိုက်မှာ အလှူလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီနေ့(ဒီဇင်ဘာ ၇)ရက်နေ့က ဝါရင့်အနုပညာရှင်ဇနှီးမောင်နှံဖြစ်တဲ့ ဦးအောင်ခိုင်နဲ့ အန်တီဝါဝါအောင်တို့ရဲ့ မင်္ဂလာသက်တမ်း (၁၁)နှစ်ရှိလို့လာပြီ ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း(၁၁)နှစ်ပြည့်အလှူ အနေနဲ့လည်း မှော်ဘီမှာ ရှိတဲ့ အောင်ဇမ္မူတောရကျောင်းတိုက်မှာ အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

အလှူမှာလည်း အနုပညာမောင်နှမများက တက်ရောက် အားပေး ခဲ့ပါသေးတယ်။ အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင် နှစ်ဦးဖြစ်ပြီး နှစ်ဦးစလုံးကလည်း ပရိသတ်အသိအမှတ်ပြုတဲ့ သရုပ်ဆောင်များ ဖြစ်ကြသလို အကယ်ဒမီ ရွှေစင်ရုပ်တုများကို ပိုင်ဆိုင်ထားသူများလည်း ဖြစ်ပါတယ်။

play

 

ဦးအောင်ခိုင်က တော့ ကားအက်ဆီးဒင့် ဖြစ်ပြိးနောက်ပိုင်း ကြမ်းကြမ်း တမ်းတမ်းကာရိုက်တာများ ရိုက်ကူးမှုကို နားထားသလို ဒါရိုက်တာအနေနဲ့ ဇာတ်ကားတွေ ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ အန်တီဝါဝါအောင်ကတော့ ပုံမှန်အတိုင်း ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်လုပ်နေတာကို တွေ့ရပါတယ်။

Photo : ဦးအောင်ခိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ