Local Celebrity: ခွဲစိတ်ကုသမှု အောင်မြင်ခဲ့တဲ့ ဦးကင်းကောင်

အစာရေမျိုပြွှန်မှာ အနာပေါက်တာကြောင့် ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။

play

 

ဟာသသရုပ်ဆောင် ဦးကင်းကောင်က အစာရေမျိုပြွှန်တွင် အနာပေါက်တာကြောင့် ဆေးရုံတက် ပြီး ခွဲစိတ်မှု ခံယူခဲ့ရာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အသက်(၅၂)နှစ်ရှိပြီဖြစ်တဲ့ ဦးကင်းကောင်ဟာ ဒီဇင်ဘာလဆန်းကစပြီး ရွှေဂုံတိုင်ဆေးရုံတွင် အစာအိမ်ရောဂါကြောင့် ဆေးကုသမှု ခံယူရပြီး ဒီဇင်ဘာ (၅)ရက်နေ့မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။

play

 

လောလောဆယ်မှာလည်း ခုတင် ၅၀၀ဆံ့ ဆေးရုံသစ်ကြီးမှာပဲ ဆက်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။ ခွဲစိတ်မှု အောင်မြင်သွားပြီ ဖြစ်တဲ့ ဦးကင်းကောင်ဟာခွဲစိတ်ခန်းထဲက ထွက်ကာ ICU ထဲ ရောက်ကာ သတိလည်း ပြန်ရနေပြီလို့ သိရပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ