Local Celebrity: ရုပ်ရှင်ဇာတ်ကားနှစ်ကားရိုက်ကူးဖို့ လက်ခံထားတဲ့ မယ်လိုဒီ

၂၀၁၇ ခုနှစ်ထဲမှာ ရိုက်မယ်လို့ သိရပါတယ်။

play

 

"သောင်းတိုက်က ကြားစေသော်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတဲ့ မယ်လိုဒီက ၂၀၁၇ ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကား နှစ်ကား ရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ သူမအနေနဲ့ အနုပညာလောကထဲကလည်း ရုန်းမထွက်နိုင်သေးပါဘူးလို့ ဆိုပါတယ်။

play

 

အနုပညာသမားတွေဟာ ဖမ်းစားခံထားရသလိုပဲ အနုပညာလောကထဲက ထွက်ပြီးလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြန်ပြန်ရောက်လာတာပဲလို့ သူမက ပြောပါတယ်။ သားယောက်ျားလေးကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီအနေနဲ့ သူမရဲ့ သားလေးကို ပညာတတ်တစ်ဦး ဖြစ်စေချင်တဲ့အပြင် ဘုရား၊တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကို ရိုသေကိုင်းရှိုင်းတဲ့ သားကောင်းရတနာလေး တစ်ဦး ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးမယ်လို့လည်း ဆိုပါတယ်။

play

 

သူမအနေနဲ့ ဇာတ်ကားတွေ ရိုက်ကူးလိုက် နားလိုက်လေး နေရတာကို ပိုပြီး သဘောကျတယ်လို့လည်း သိရပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ