Local Celebrity: အပျိုကြီး ဖြစ်ဖို့ ရာခိုင်နှုန်းများနေတဲ့ ခင်လေးနွယ်

ချစ်သူလည်း မရှိဘူးလို့ ဆိုပါတယ်။

play

 

အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့တဲ့ ခင်လေးနွယ်တစ်ယောက် စီးပွားရေးဘက်ကို အခြေချလို့နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ Kay Fashion & Fabric House ဆိုင်ဖွင့်ထားပြီး နောက်ထပ်လည်း သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်ဖွင့်ဖို့ စီစဉ်ထားတယ်လို့ သူမက ဆိုပါတယ်။

play

 

သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာသံမှမကြားရသလို ချစ်သူမရှိဘူးလို့ ပြောတဲ့ သူမကတော့ အပျိုကြီးဖြစ်ဖို့ ရာခိုင်နှုန်းများနေတယ်လို့ ပြောပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာမျိုးက လုပ်ယူလို့ ရတဲ့ ကိစ္စမျိုး မဟုတ်သလို မိန်းကလေး တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ လက်တွဲဖော်ကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

play

 

အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ဘာမှ ကြိုပြီး မြင်ရတဲ့အရာမဟုတ်တော့လည်း ပြောရတာခက်တယ်လို့ သူမက ပြောပါတယ်။လက်ရှိ သူမရဲ့ အချစ်ရေးကတော့ တစ်ယောက်တည်း ရပ်တည်နေသလို ချစ်သူလည်း မရှိဘူးလို့ ဆိုပါတယ်။

Source &Photo :8days Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ