Local Celebrity: သရုပ်ဆောင်ရတာ သဘောကျတဲ့ အိန်ဂျယ်လမုန်

ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

play

 

အလှမယ် အိန်ဂျယ်လမုန်က  ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ပြေတီဦးနဲ့အတူ ပါဝင်ရိုက်ကူးထားတဲ့ အိန်ဂျယ်လမုန်က သရုပ်ဆောင်ရတာကို သဘောကျတယ်လို့ ဆိုပါတယ်။ Miss Intercontinental Myanmar 2014 အလှမယ် အိန်ဂျယ်လမုန်က သူမရဲ့ ငယ်ငယ်က မက်ခဲ့တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်သူလည်း ဖြစ်ပါတယ်။

play

 

သရုပ်ဆောင်ပညာကို အရမ်းရူးသွပ်နေတဲ့ သူမက နောက်ထပ်ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးချင်သေးတယ်လို့ ပြောပါတယ်။ သရုပ်ဆောင်ရတာကို ဝါသနာပါတဲ့ သူမအတွက် အဲဒီအလုပ်က ပင်ပန်းတယ်လို့ မခံစားရဘူးလို့ ဆိုပါတယ်။

play

 

သူမကိုယ်တိုင် ရူးသွပ်နေပေမဲ့လည်း ဇာတ်ကားရိုက်ကူးဖို့ ခေါ်တဲ့သူရှိမှ လုပ်လို့ရတာဖြစ်လို့ ကားရိုက်ခေါ်တဲ့သူကို စောင့်နေပါတယ်လို့ သူမက ပြောပါတယ်။ ဇာတ်ကားရိုက်ကူးမှုများနဲ့ ပတ်သက်ပြီးတော့လည်း လာရောက်ကမ်း လှမ်းရင်လည်း ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

Source : 8days Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ