Local Celebrity: ထူးထူးခြားခြားကာရိုက်တာနဲ့ အောင်ရဲလင်း

ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်လုပ်နေတဲ့ သရုပ်ဆောင်အောင်ရဲလင်းကတော့ ပရိသတ်တွေအတွက် ထူးထူး ခြားခြား ကာရိုက်တာတွေကို တင်ဆက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ပုဂံ၊ အောင်ပန်း၊ မန္တလေး၊ စစ်ကိုင်းတို့မှာ ဇာတ်ကားရိုက်ကူးရေးတွေ ဆက်တိုက်လုပ်ဖို့ ရှိပြီး ၁လပိုင်းကုန် ၂လပိုင်း လောက်မှာ မလေးဒါရိုက်တာတွေနဲ့ ဇာတ်ကားရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

ရိုက်ကူးမယ့် ဇာတ်လမ်းပုံစံလေးတွေကို ပြောပြရမှာလည်း မန္တလေးနဲ့ စစ်တိုင်းမှာ ရိုက်ကူးမယ့် ဇာတ်ကားဟာ ကာရိုက်တာပိုင်းအရ ထူးခြား သလို ဇာတ်လမ်းလည်း ဆန်းတယ်လို့ ဆိုပါတယ်။ ဘိုးဘွားတွေကို ပိုက်ဆံတောင်းခိုင်း တာမျိုး ၊ပန်းရောင်းတဲ့သူတွေနဲ့ ကားလမ်းမှာ ပိုက်ဆံတောင်းရတဲ့ သူတွေကို ဖြန့်တဲ့ ဂိုဏ်းမှာ အလုပ်လုပ်တဲ့ သူ တစ်ယောက် အနေနဲ့ ပါဝင်ရမှာ ဖြစ်ပြီး ပညာပေးဇာတ်လမ်းပုံစံမျိုးနဲ့ ထူးထူးခြားခြားကာရိုက်တာတစ်ခုလို့ ဆိုပါတယ်။

play

 

အဲ့ဒီဇာတ်ကားထဲမှာ ကျော်သူ၊ အောင်ရဲလင်း၊ မို့မို့မြင့်အောင်၊ သင်ဇာဝင့်ကျော်တို့ ပါဝင်မှာ ဖြစ်ပြီး ဒါရိုက်တာ ကိုနေပိုင်က ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : Sunday Journal

Photo  : အောင်ရဲလင်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ