Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်းအနုပညာသတင်းများ

Duwun ဝက်ဘ်ဆိုက်မှာ ပရိသတ်များ စိတ်ဝင်စားမှုအများဆုံး အနုပညာသတင်းတွေ ဖြစ်ပါတယ်။

play

 

စွပ်စွဲချက်တွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ စိုးသူ

ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ စိုးသူရဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး စိုးသူဘက်က ပြန်လည်ဖြေရှင်းလိုက်ပြီ ဖြစ်ပါတယ်။  စိုးသူဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကနေ သူ့ရဲ့ ပရိသတ်တွေ အတွက် ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ စိုးသူနဲ့ သူ့ရဲ့ ဇနီးဟာ အမေရိကန်ပြည်ထောင်စုမေရီလင်းပြည်နယ် Montgomery county တရားရုံးမှာ ကွာရှင်းထားပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

play

 

အွန်လိုင်းမှာ ပြန့်နေတဲ့ အောင်လနဲ့ ဝိုင်းစုတို့ရဲ့ ဓာတ်ပုံများ

လက်ရှိ အွန်လိုင်းမှာ ပြန့်နေတာကတော့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အတူ ရိုက်ကူးရာမှာ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့က လက်ချင်းချိတ်ထားတာကြောင့် သူတို့နှစ်ဦးရဲ့ အကြောင်းကို ပရိသတ်တွေ စိတ်ဝင်စားလို့ နေကြပါတယ်။

play

 

ဦးအောင်ခိုင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း(၁၁)နှစ်ပြည့်အလှူ

ဒီနေ့(ဒီဇင်ဘာ ၇)ရက်နေ့က ဝါရင့်အနုပညာရှင်ဇနှီးမောင်နှံဖြစ်တဲ့ ဦးအောင်ခိုင်နဲ့ အန်တီဝါဝါအောင်တို့ရဲ့ မင်္ဂလာသက်တမ်း (၁၁)နှစ်ရှိလို့လာပြီ ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း(၁၁)နှစ်ပြည့်အလှူ အနေနဲ့လည်း မှော်ဘီမှာ ရှိတဲ့ အောင်ဇမ္မူတောရကျောင်းတိုက်မှာ အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

မွေးနေ့ဆုတောင်းစာများ Wall ပေါ်မှာ ရေးလို့မရအောင် လုပ်လိုက်တဲ့ ဆောင်းဦးလှိုင်

လာမယ့် ဒီဇင်ဘာ(၈)ရက်နေ့က အဆိုတော် ဆောင်းဦးလှိုင်ရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ကျင်းပပြုလုပ်မယ့် ရန်ကုန်နာရေးကူညီမှုအသင်းရဲ့ (၁၆)နှစ်ပြည့်ပွဲကို တက်ရောက်ပေးခြင်းနဲ့ ဂုဏ်ပြုပေးဖို့ကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြောပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ