Local Celebrity: တစ်ကိုယ်တော်အခွေကို ဇန်နဝါရီလမှ ထွက်တော့မယ့် ဆိုဖီယာ

အခွေနာမည်ကိုတော့ လျှို့ဝှက်ထားဦးမယ်လို့ ဆိုပါတယ်။

play

 

Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် လူကြိုက်များလာတဲ့ အဆိုတော် ဆိုဖီယာကတော့ တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်လို့ နေပါတယ်။ ယခင်က တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာလထဲ ထွက်မယ်လို့ ပြောထားပေမဲ့ ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားနေရတဲ့အတွက် ဇန်နဝါရီလမှ အခွေထွက်နိုင်တော့မယ်လို့ သိရပါတယ်။

အခွေနာမည်ကိုလည်း လောလောဆယ်မှာ လျှို့ဝှက်ထားတယ်လို့ သိရပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေထဲမှာ ပါဝင်မယ့် သီချင်းပုံစံလေးတွေကတော့ R&B အမျိုးအစားမျိုး ပေါ့ခ်ရော့ခ် ပုံစံလေးတွေ လည်းပါဝင်တယ်လို့ သူမက ဆိုပါတယ်။

play

 

အဲဒီအခွေထဲမှာ Bonus Song အဖြစ် ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ "Crush on you" သီချင်းကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Source : 7day TV

Photo  : ဆိုဖီယာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ