Local Celebrity: မိဘမဲ့ဂေဟာမှာ မွေးနေ့အလှူလုပ်မယ့် ပတ်ထရစ်ရှာ

, updated

ဒီဇင်ဘာ(၁၃)ရက်နေ့က ပတ်ထရစ်ရှာရဲ့ မွေးနေ့ ဖြစ်ပါတယ်။

play

 

ဒီဇင်ဘာ (၁၃)ရက်နေ့မှာ ကျရောက်မယ့် သရုပ်ဆောင် ပတ်ထရစ်ရှာရဲ့ မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ မိဘမဲ့ ဂေဟာမှာ အလှူသွားလုပ်မယ်လို့ သိရပါတယ်။

play

 

ပရိသတ်တွေနဲ့အတူ ၈၉မိုင်မှာ ရှိတဲ့ မိဘမဲ့ ဂေဟာကျောင်းမှာ အလှူလုပ်ဖို့ ရှိသလို သုံးနပ်စာ ထမင်းကျွေးသွားပြီး ပိုက်ဆံတွေလည်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ အများနဲ့ လိုက်လျော ညီထွေစွာ နေတတ်လာပြီး အလုပ်ကိုလည်း လေးစားလာသလို အရာရာ ဆင်ခြင်တတ်လာတယ်လို့ သူမက ဆိုပါတယ်။

play

 

၂၀၁၆ ခုနှစ်ကတော့ သူမအတွက် ကံကောင်းတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဇာတ်ကားတွေ တောက်လျှောက် ရိုက်ကူးနေရသလို ပရိသတ်တွေရဲ့ အားပေးမှုလည်း ရလာတယ်လို့ သူမက ပြောပါတယ်။ ၂၀၁၇ ခုနှစ် နှစ်သစ် ကနေ စပြီးတော့လည်း အနုပညာလုပ်ငန်းတွေကို အများကြီး ကြိုးစားသွားမယ်လို့ သူမက ဆိုပါတယ်။

Source : 8days Journal

Photo  : ပတ်ထရစ်ရှာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ