Local Celebrity: ကလေးပစ္စည်းဆိုင်ဖွင့်လိုက်တဲ့ သက်မွန်မြင့်

"TN & TM's Sweet Child" လို့ နာမည်ပေးထားပါတယ်။

play

 

ကလေးတွေကို ချစ်တတ်တဲ့ သရုပ်ဆောင် သက်မွန်မြင့်ကတော့ ကလေးပစ္စည်း အရောင်းဆိုင်တစ်ခုကို ဖွင့်လိုက် ပါတယ်။ Sweet Child လို့ နာမည်ပေးထားတဲ့ ကလေးပစ္စည်းအရောင်းဆိုင်လေးကို ဒီဇင်ဘာ(၉)ရက်နေ့ ညနေပိုင်းက အမှတ် ၅၄(က) ဆရာစံလမ်းမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

play

 

သူမရဲ့ ဆိုင်ဖွင့်ပွဲကို အနုပညာလောကထဲက မောင်နှမတွေ လာရောက်အားပေးခဲ့ကြပါတယ်။ ကလေးတွေကို ချစ်မြတ်နိုးတတ်တဲ့ သူမက ပထမဆုံး စီးပွားရေးလုပ်ငန်းကိုလည်း သူမချစ်တဲ့ ကလေးပစ္စည်းလေးတွေနဲ့ စတင်လိုက်ပါတယ်။

play

 

ကလေး ပစ္စည်းလေးတွေကို တစ်နေရာတည်းမှာ အစုံဝယ်ယူလို့ရအောင် စီစဉ်ထားတဲ့ သူမရဲ့ ဆိုင်လေးကို ပရိသတ်တွေ အားလုံး လာရောက်အားပေးကြပါဦးလို့လည်း ဖိတ်ခေါ်ထားပါတယ်။ သူမက ယခုလက်ရှိမှာ ဒုတိယ ကိုယ်ဝန်လွယ်ထားနေရပြီး မွေးဖွားလို့ ရက်လည်း နီးလာပြီလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ