Local Celebrity: ဦးကင်းကောင်ဆီသို့ အနုပညာမောင်နှမများ သွားရောက်တွေ့ဆုံ

ခွဲစိတ်ကုသမှုလည်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဟာသသရုပ်ဆောင် ဦးကင်းကောင်ဟာ  အစာရေမျိုပြွှန်မှာ အနာပေါက်တာကြောင့် ခွဲစိတ်ကုသမှု ခံယူပြီး ကုတင်(၅၀၀)ဆေးရုံကြီးမှာ ဆက်လက်ဆေးကုသမှု ခံယူနေရပါတယ်။ အနုပညာလောကမှာလည်း ပရိသတ်အသတ်အမှတ်ပြု အားပေးမှု ခံရတဲ့ ဦးကင်းကောင်ဟာ အနုပညာမောင်နှမတွေရဲ့ အသိအမှတ်ပြုခြင်းကိုလည်း ခံရသူ တစ်ယောက် ဖြစ်ပါတယ်။

play

 

အနုပညာမောင်နှမတွေ များစွာ ပါဝင်ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟ အဖွဲ့ကလည်း ဆေးကုသမှု ခံယူနေရတဲ့ ဦးကင်းကောင်ဆီသို့ အားပေးစကားများ သွားရောက်ပြောပေးခဲ့သလို အလှူငွေ စုစုပေါင်း ၁၁သိန်း တစ်သောင်း လှူဒါန်းခဲ့ပါတယ်။ လက်ရှိမှာလည်း ဦးကင်းကောင်ရဲ့ ကျန်းမာရေး အခြေအနေဟာ ပြန်လည်ကောင်းမွန်နေပြီလို့ သိရပါတယ်။

Photo : ခိုင်သင်းကြည်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ