Local Celebrity: ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်မယ့် ရဲလေးရဲ့ ရုပ်ရှင်ဇာတ်ကား

စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

play

 

အနုပညာလှုပ်ရှားမှုတွေအနေနဲ့ သီချင်းခွေနဲ့ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ ရဲလေးက မကြာခင် ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ အောင်လံထူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မယ့် "စိန်ဂေါ်လီ" ရုပ်ရှင်ဇာတ်ကားကို ရဲလေးအနေနဲ့ ခေါင်းဆောင် မင်းသားအဖြစ် ပါဝင်ရမှာ ဖြစ်ပြီး သူနဲ့အတူ ရန်အောင်၊ ခင်လှိုင်၊ ယုသန္တာတင်တို့ကအဓိက ပါဝင်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကိုလည်း ပြင်ဦးလွင်မှာ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

play

 

နှစ်သစ်မှာလည်း ရဲလေးက သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို အများကြီး ဆက်လုပ်သွားဖို့ ရှိသလို ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ သူက ဆိုပါတယ်။ သူ့ရဲ့ "အောင်မြင်မှု ခရီးစဉ်" စီးရီးခွေကလည်း ပရိသတ်အား ပေးမှု ရရှိခဲ့တဲ့ စီးရီးခွေ တစ်ခွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Source : 7day TV

Photo  : ရဲလေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ