Local Celebrity: အိမ့်ချစ်နဲ့အတူ အတွဲခွေစီစဉ်နေတဲ့ ဦးချစ်ကောင်း

အခွေထွက်ဖို့ကတော့ လိုသေးတယ်လို့ သိရပါတယ်။

play

 

ဂီတလောကမှာ နေရာတစ်နေရာရရှိထားသူ ချစ်ကောင်းက သမီးဖြစ်သူ အိမ့်ချစ်နဲ့အတူ အတွဲခွေတစ်ခွေထွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်အခွေလုပ်ရင်းနဲ့ သမီးဖြစ်သူနဲ့လည်း အတွဲခွေထွက်ဖို့ စီစဉ်နေပေမယ့် အချိန်ယူနေရတယ်လို့ ဆိုပါတယ်။

play

အိမ့်ချစ်ဘက်ကလည်း တတိယတစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေတာတော့ အတွဲအခွေကို ခဏနား ထားတယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း အိမ့်ချစ်နဲ့ အတူဆိုမယ့် အတွဲအခွေကိုလည်း တစ်နှစ်လောက် အချိန်ယူပြီး သေချာလေးစီစဉ်မယ်လို့ ချစ်ကောင်းက ဆိုပါတယ်။

play

 

ဂီတလောကထဲမှာ အောင်မြင်မှု ကိုယ်စီရရှိထားတဲ့ အဆိုတော် သားအဖဖြစ်တဲ့ ဦးချစ်ကောင်းနဲ့ အိမ့်ချစ်တို့ သားအဖရဲ့ "528" ဖျော်ဖြေပွဲကြီးကလည်း အောင်မြင်ခဲ့သလို သူတို့နှစ်ဦးရဲ့ အတွဲအခွေကကော ဘယ်လိုရှိမလဲဆိုတာ သိရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သားအဖနှစ်ယောက်တွဲဖက် သီဆိုထားတဲ့ စီးရီးသစ်ကို စောင့်မျှော်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

Source : 8days Journal

Photo  : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ