Local Celebrity: ဝေဖန်မှုတွေနဲ့အတူ အားပေးမှုတွေ ရှိလာတဲ့ "လက်ဆောင် " ဇာတ်လမ်းတို

Myanmar Media 7 က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play

Myanmar Media 7 က ရိုက်ကူးထားတဲ့ "လက်ဆောင်" ဇာတ်လမ်းတိုကတော့ အွန်လိုင်းပေါ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါရိုက်တာ သြရသ ရိုက်ကူးပုံဖော်ထားတဲ့ "လက်ဆောင် " ဇာတ်လမ်းတိုမှာ နေတိုးနဲ့ အေးမြတ်သူတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

play

 

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ တက်ရောက်မယ့် အတတ်ပညာရှင်တစ်ဦးရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ "လက်ဆောင်" ဇာတ်လမ်းတိုကို ဇာတ်လမ်းဇာတ်ညွှန်း နေနော်က ရေးသားထားပါတယ်။

play

 

အွန်လိုင်းပေါ်သို့ ရောက်ရှိချိန်ကနေစပြီး အခုချိန်ထိ ပရိသတ်အားပေးမှု ရရှိထားတဲ့ "လက်ဆောင်" ဇာတ်လမ်းတိုဟာ ဝေဖန်မှုတွေလည်း ရှိလို့လာခဲ့ပါတယ်။ အဲဒီဇာတ်လမ်းဟာ အမေရိကန် စာရေးဆရာ ' အိုဟင်နရီ ' ရဲ့ “The Gift of the Magi”၀တ္ထုတိုကို မှီငြမ်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမဲ့ ဇာတ်လမ်းအပြီး စာတန်းထိုးတဲ့ နေရာမှတော့ မှီငြမ်းထား တယ်ဆိုတာ လုံးဝမပါတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

Photo : ဝေမင်းမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ