Local Celebrity: ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်အခွေ

လာမယ့် နှစ်ဆန်းပိုင်းမှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

play

 

အဆိုတော် ဆုန်သင်းပါရ် ရဲ့ ငါးခွေမြောက် တစ်ကိုယ်တော်အခွေကို လာမယ့် နှစ်ဆန်းပိုင်းမှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ အခွေနာမည်ကိုတော့ "လိုရာဆု"လို့ ပေးထားပြီး သီချင်း ၁၁ပုဒ်ပါဝင်ထားတယ်လို့ သိရပါတယ်။ တေးရေးတွေကတော့ စောခူဆဲ၊ မြင့်မိုးအောင်၊ လင်းလင်း၊ အငဲ၊ အောင်ကိုမြင့်နဲ့ ဖိုးအီတို့က ရေးသားပေးထား တယ်လို့ သိရပါတယ်။

play

 

အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက် အမြဲတမ်း အခွေသစ် သီချင်းသစ်တွေ ပရိသတ်ကို ပေးချင်တာကြောင့် " လိုရာဆု" ဆိုတဲ့ အခွေကို တစ်နှစ်လောက် အချိန်ယူပြီး သေချာလုပ်ထားတယ်လို့ သူမက ဆိုပါတယ်။ လိုရာဆု ထဲမှာလည်း ပရိသတ်တွေအတွက် သီချင်းပုံစံ စုံအောင် ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဆုန်သင်းပါရ်ကတော့ သူမရဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးရင်လည်း အနုပညာသက်တမ်းတစ်လျှောက် အောင်မြင် ကျော်ကြားခဲ့တဲ့ သီချင်းများစုစည်းကာ တေးအယ်လ်ဘမ်တစ်ခွေ ဆက်လက်ထွက်ရှိမယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ