Local Celebrity: အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ့် အေသင်ချိုဆွေ

၂၀၁၇ မှာ အနုပညာအလုပ်တွေ ပြန်လုပ်မယ်လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အေသင်ချိုဆွေက စီးပွားရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ သိရပါတယ်။ အနုပညာဘက်ကို စိတ်မပါသေးလို့ မလှည့်ဖြစ်တဲ့ သူမက မိခင်နဲ့အတူ စီးပွားရေးလုပ်ငန်းလုပ်နေတယ်လို့ ဆိုပါတယ်။

play

 

မိခင်နဲ့အတူ Chan A ကွေ့သယို & Thai Food စားသောက်ဆိုင်တစ်ဆိုင်ကို ကျောက်မြောင်းလမ်းနဲ့ မလွှကုန်းလမ်း ထောင့်မှာ ဖွင့်လှစ်ထားပါတယ်။ သူမရဲ့ စားသောက်ဆိုင်ကိုလည်း ဖေ့စ်ဘွတ်က သိတဲ့ လူတွေလာအားပေးကြသလို ပရိသတ်တွေ လာအားပေးကြတယ်လို့ သူမက ဆိုပါတယ်။

play

 

မိခင်နဲ့အတူ စီးပွားရေးလုပ်နေတဲ့ အေသင်ချိုဆွေက အနုပညာအလုပ်တွေကို ၂၀၁၇ ခုနှစ်ထဲမှာ ပြန်လုပ်ဖို့ ရှိပြီး လက်ရှိမှာတော့ နယ်ရှိုးတွေသာ ဆိုဖြစ်နေတယ်လို့ သိရပါတယ်။

Source : Modern Journal

Photo  : အေသင်ချိုဆွေ ဖေ့စ်ဘွတ်

အေသင်ချိုဆွေကို အားပေးမှာလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ