Local Celebrity: ခရစ္စမတ်နေ့မှာ ဖြန့်မယ့် မေခလာရဲ့ အလှကုန်ပစ္စည်း

မေခလာနာမည်နဲ့ ဒီဇင်ဘာ (၂၅)ရက်နေ့မှာ ဖြန့်မှာ ဖြစ်ပါတယ်။

play

 

အဆိုတော် မေခလာကတော့ မေခလာဆိုတဲ့ နာမည်နဲ့ အလှကုန်ပစ္စည်းတွေကို ဒီဇင်ဘာ(၂၅)ရက်နေ့ ခရစ္စမတ်နေ့မှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံထုတ် Skin Care သုံးမျိုးကို မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုက်ညီပြီး ထုတ်လုပ်ထားတဲ့ skin care ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဂျပန်နိုင်ငံထုတ် Noevir အလှကုန်ပစ္စည်းကုမ္မဏီက အလှကုန်ပစ္စည်း Skin Care သုံးမျိုး ဖြစ်တဲ့ မျက်နှာသစ်ဆပ်ပြာ၊ Toner နဲ့ UV Cream တို့ကို မေခလာအမှတ်တံဆိပ်နဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

play

 

မေခလာနာမည်နဲ့ ထုတ်လုပ်မယ့် Skin Care သုံးမျိုးကို မြန်မာငွေကျပ် ရှစ်သောင်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး လက်လီလက်ကား ရောင်းလိုသူများကို ၁၀ရာခိုင်နှုန်းလျှော့ပြီး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : မေခလာဖေ့စ်ဘွတ်

မေခလာထုတ်မယ့် Skin Care တွေနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ