Local Celebrity: အကယ်ဒမီကို မမျှော်လင့်သေးဘူးဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

ကိုယ့်ကိုယ်ကိုယ် အားရတဲ့ အခြေအနေ မရောက်သေးဘူးလို့ ဆိုပါတယ်။

play

 

၂၀၁၆ ခုနှစ်ထဲမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသခဲ့ပေမဲ့လည်း စိုင်းစိုင်းကတော့ အကယ်မဒီနဲ့ ပတ်သက်ပြီး မမျှော်လင့်ထားပါဘူးလို့ ဆိုပါတယ်။ စိုင်းစိုင်းရဲ့ ပရိသတ်များက အကယ်ဒမီ ရစေချင်ကြပေမဲ့လည်း သူ့ကတော့ ဇာတ်ကားတွေနဲ့ ပတ်သက် ပြီး အားရမှု သိပ်မရှိတာကြောင့် အကယ်ဒမီကို မမျှော်လင့်ဘူးလို့ ရိုးသားစွာနဲ့ Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

play

 

Frenzo Tour နဲ့အတူ ဖျော်ဖြေပွဲတွေ လုပ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ သီချင်းအသစ်တွေလည်း လုပ်ဖို့ ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ အခွေသစ်မထွက်သေးပေမဲ့လည်း အတွဲသီချင်းများနဲ့ တစ်ပုဒ်ချင်း ထွက်တဲ့ သီချင်းတိုင်းကတော့ အောင်မြင်မှု ရရှိနေတာကို တွေ့ရပါတယ်။

play

 

မကြာသေးခင်က ထွက်ရှိထားတဲ့ ဘန်နီဖြိုးရဲ့ အခွေထဲမှာလည်း ဘန်နီဖြိုးနဲ့အတူ "ဝိတ်မချပါနဲ့အချစ်" ဆိုတဲ့ သီချင်းကို ပါဝင်သီဆိုထားကာ အဲဒီသီချင်းဟာလည်း ပရိသတ်တွေကြား လူကြိုက်များ ရေပန်းစားခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်လို့လာခဲ့ပါတယ်။

Source : Myanmar Celebrity

Photo  : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ