Local Celebrity: ပရိသတ်တွေနဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ ပတ်ထရစ်ရှာ

အလှူများလည်း လုပ်ခဲ့ပါသေးတယ်။

play

 

ဒီဇင်ဘာ (၁၃)ရက်နေ့ကတော့ သရုပ်ဆောင် ပတ်ထရစ်ရှာရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကို ပရိသတ်တွေနဲ့ အတူ ဖြတ်သန်းခဲ့ပြီး အလှူအတန်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့အလှူကို ရန်ကုန် မန္တလေးအမြန်လမ်း(၈၉)မိုင် ၅ဖာလုံမှာ ရှိတဲ့ အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတအသင်းတည်ထောင်ထားတဲ့ မိဘမဲ့ကလေး စောင့်ရှောက်ရေး ကျောင်းမှာ မွေးနေ့အလှူပွဲလေးကို ပြုလုပ်ခဲ့ပါတယ်။

play

 

သူမရဲ့ မွေးနေ့လေးကို ပရိသတ်တွေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့အတွက် ပျော်ရွှင်ခဲ့ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"ရှာရှာ့ရဲ့ မွေးနေ့ လေးကိုပြီးပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ လေးဖြစ်အောင် အလုပ်တွေခွင့်ယူ ကျောင်းတွေ ပြေးပြီး ပရိသတ်တွေရဲ့ တန်ဖိုးရှိသော အချိန်လေးတွေကို ရှာရှာ့ရဲ့ မွေးနေ့ လေးမှာ အတူတူ စည်းစည်းလုံးလုံးနဲ့ လာရောက် ပူးပေါင်း အားပေး ကူညီပေးကြတဲ့ချစ်ပရိသတ်များအားလုံးကိုရှာရှာ့ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ရှာရှာ့အပေါ်မှာ မိဘပြီးရင် ချစ်ပရိသတ်တွေပဲ တကယ်အချစ်စစ်အချစ်မှန်နဲ့ ချစ်ကြတာပါ။ ရှာရှာ့အပေါ်တကယ်ကောင်းကြတဲ့လူတွေပါ အားလုံးကိုအသဲထဲ နှလုံးထဲက အရမ်းကိုချစ်ပါတယ်ရှင်။ ပရိသတ်တွေနဲ့ အတူတူရှိနေရတာကိုအရမ်းပျော်နေခဲ့တာ ပြန်တောင်မပြန်ချင်ဘူး" လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ