Local Celebrity: ငပလီကို ရောက်နေတဲ့ မင်းဦးတို့ ဇနီးမောင်နှံ

, updated

ဟန်းနီးမွန်းခရီးစဉ်ဖြစ်ပါတယ်။

play

 

မင်းဦးတို့ ဇနီးမောင်နှံကတော့ ငပလီကို ဟန်နီးမွန်း ထွက်သွားတယ်လို့ သိရပါတယ်။ မင်္ဂလာညစာစားပွဲကို နိုဝင်ဘာ(၂၈)ရက်နေ့မှာ  ပြုလုပ်ခဲ့ပေမဲ့ ဇာတ်ကား ရိုက်ကူးမှုတွေနဲ့ မအားတာကြောင့် အခုမှ ဟန်နီးမွန်းခရီးထွက်တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ငပလီကို မရောက်ဖြစ်တာကြာပြီ ဖြစ်တဲ့ မင်းဦးက တော့ ပျော်လို့ နေပါတယ်။ ချစ်သူသက်တမ်း (၁၀)နှစ်ကျော် အချိန် မှာ လက်ထပ်ခဲ့တဲ့ မင်းဦးနဲ့ ဇနီးခိုင်ဝေလွင်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုများနဲ့ အိမ်ထောင်ရေးကို တည်ဆောက်သွားမှာ ဖြစ်ပြီး  ရင်သွေးလေးတွေလည်း လိုချင်တယ်လို့ ဆိုပါတယ်။

play

 

မင်းဦးကတော့ အိမ်ထောင်ကျသွားပေမဲ့လည်း အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဆက်ကြိုးစားသွားမယ်လို့ သိရပါတယ်။

Photo : မင်းဦး ဖေ့စ်ဘွတ်

မင်းဦးရဲ့ အနုပညာအလုပ်တွေကို ဆက်အားပေးမှာလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ