Local Celebrity: သမီးလေး မွေးခဲ့တဲ့ သက်မွန်မြင့်

သမီးလေးကို အောင်မြင်စွာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

play


သရုပ်ဆောင် သက်မွန်မြင့်က ဒုတိယရင်သွေးလေးအဖြစ် သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။ (၆)ပေါင်နဲ့ (၁၀)အောင်စ ရှိတဲ့ သမီးလေးကို ဒီဇင်ဘာ (၁၄)ရက်နေ့ ည (၉း၄၉)မိနစ်က  မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သက်မွန်မြင့်ရော သမီးလေးပါ ကျန်းကျန်းမာမာနဲ့ ရှိနေတယ်လို့ သိရပါတယ်။

play


သက်မွန်မြင့်ဟာ ဒုတိယရင်သွေးလေးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလထဲမှာ မွေးဖွားဖို့ ခန့်မှန်းထားပေမယ့် ပုံမှန်ထက်စောပြီး ဒီဇင်ဘာ လလယ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

play


သက်မွန်မြင့်ဟာ ယခုဆိုရင် သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။
Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ