Local Celebrity: တရုတ်နိုင်ငံ ရှန်ဟိုင်းသို့ ရောက်ရှိနေကြတဲ့ အနုပညာရှင်များ

Let's Go အစီအစဉ်အတွက် ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

play

 

Myanmar Media 7 က ထုတ်လုပ်ရိုက်ကူးတဲ့ Let's Go To China အစီအစဉ် ရိုက်ကူးဖို့အတွက် Let's Go အဖွဲ့သား တွေကတော့ တရုတ်နိုင်ငံကို ရောက်ရှိလို့ နေပြီ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Let's Go အဖွဲ့သားတွေမှာ မတွေ့ ရတာကတော့ နန်းမြတ်ဖြိုးသင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူကတော့ ဇာတ်ကား ရိုက်ကူးမှုတွေ ရှိနေလို့ မလိုက် ဖြစ်တော့ဘူးလို့ သိရပါတယ်။

play

 

Let's Go အစီအစဉ်မှာတော့ Let's Go အဖွဲ့သားတွေအပြင် အနုပညာရှင်တွေများစွာ ပါဝင်ထားပါတယ်။ နှစ်စဉ် ရိုက်ကူးလာတဲ့ Let's Go အစီအစဉ်ဟာ ယခုဆိုရင် (၈)ကြိမ်မြောက် ဖြစ်သွားပါပြီ။ Let's Go To China အစီအစဉ် ကတော့ တရုတ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့များ၊ အစားအသောက်များ၊ ဝတ်စားဆင်ယင်မှုများနဲ့ ယဉ်ကျေးမှု အနုပညာလက်ရာများကို ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်။

play

 

Let's Go To China အစီအစဉ်ကိုတော့ ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးသွားမှာ ဖြစ်ပြီး Let's Go အဖွဲ့သားများဖြစ်တဲ့ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ ၊ Bobby Soxer၊ နန်းသူဇာတို့ ပါဝင်တာ ဖြစ်ပြီး သရုပ်ဆောင် မင်းသွေး၊ အလင်းရာင်၊ ခင်လေးနွယ်၊ ခင်ဝင့်ဝါ၊ ၀ိုင်းလေး တို့လည်းပါဝင်အားဖြည့်ထားကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ