Local Celebrity: ဇန်နဝါရီလမှာ ဖြန့်မယ့် ဆိုဖီယာရဲ့ စီးရီးခွေ

အကောင်းဆုံး စီစဉ်ထားတယ်လို့ ဆိုပါတယ်။

play

 

Myanmar Idol ပြိုင်ပွဲမှာကတည်းက လူသိများခဲ့တဲ့ ဆိုဖီယာအဲဗားရက်စ်ကတော့ တစ်ကိုယ်တော်အခွေ ထွက်ရှိလာ တော့မှာ ဖြစ်ပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေကို အကောင်းဆုံး ဖြစ်အောင် စီစဉ်ထားတာကြောင့် ယခင်က ခန့်မှန်းထားသည်ထက် တစ်လနောက်ကျပြီးမှ ထွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

အခွေနာမည်ကိုတော့ လျှို့ဝှက်ထားဦးမှာ ဖြစ်ပြီး အခွေထွက်ခါနီးမှ ပရိသတ်တွေကို ပြောပြမယ်လို့ ဆိုပါတယ်။ သူမရဲ့ စီးရီးခွေထဲမှာ သီချင်းသစ် စုစုပေါင်း ၁၀ပုဒ်ပါဝင်ပြီး အပိုလက်ဆောင်သီချင်းများအနေနဲ့ MTV နှစ်ပုဒ်ထည့် ပေးထား တယ်လို့ သိရပါတယ်။

play

 

သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေထဲမှာ သီချင်းအမျိုးအစား အစုံအလင်ပါဝင်ထားသော်လည်း နောက်ပိုင်းထွက် လာမယ့် တစ်ကိုယ်တော်အခွေများမှာ R&B သီချင်းအမျိုးအစားတစ်မျိုးတည်းကိုသာ သီဆိုသွားမယ်လို့ သူမက ပြောပါတယ်။

Source : 7day Daily

Photo  : ဆိုဖီယာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ