Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်းအနုပညာသတင်းများ

Duwun ဝက်ဘ်ဆိုက်မှာ ပရိသတ်များ စိတ်ဝင်စားမှုအများဆုံး အနုပညာသတင်းတွေ ဖြစ်ပါတယ်။

play

 

သမီးလေး မွေးခဲ့တဲ့ သက်မွန်မြင့်

သရုပ်ဆောင် သက်မွန်မြင့်က ဒုတိယရင်သွေးလေးအဖြစ် သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။ (၆)ပေါင်နဲ့ (၁၀)အောင်စ ရှိတဲ့ သမီးလေးကို ဒီဇင်ဘာ (၁၄)ရက်နေ့ ည (၉း၄၉)မိနစ်က  မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သက်မွန်မြင့်ရော သမီးလေးပါ ကျန်းကျန်းမာမာနဲ့ ရှိနေတယ်လို့ သိရပါတယ်။

play

 

အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ့် အေသင်ချိုဆွေ

ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အေသင်ချိုဆွေက စီးပွားရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ သိရပါတယ်။ အနုပညာဘက်ကို စိတ်မပါသေးလို့ မလှည့်ဖြစ်တဲ့ သူမက မိခင်နဲ့အတူ စီးပွားရေးလုပ်ငန်းလုပ်နေတယ်လို့ ဆိုပါတယ်။

play

 

ငပလီကို ရောက်နေတဲ့ မင်းဦးတို့ ဇနီးမောင်နှံ

မင်းဦးတို့ ဇနီးမောင်နှံကတော့ ငပလီကို ဟန်နီးမွန်း ထွက်သွားတယ်လို့ သိရပါတယ်။ မင်္ဂလာညစာစားပွဲကို နိုဝင်ဘာ(၂၈)ရက်နေ့မှာ  ပြုလုပ်ခဲ့ပေမဲ့ ဇာတ်ကား ရိုက်ကူးမှုတွေနဲ့ မအားတာကြောင့် အခုမှ ဟန်နီးမွန်းခရီးထွက်တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

Winner ဆုနဲ့အတူ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာတဲ့ ဥက္ကာမင်းမောင်

Mister Tourism World 2016 ပြိုင်ပွဲမှာ Winner ဆုနဲ့အတူ Title ဆုတွေပါ ရရှိခဲ့တဲ့ ဥက္ကာမင်းမောင်ကတော့ မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူကြိုးစားခဲ့တဲ့ ကြိုးစားမှုဟာ အရာထင်သွားခဲ့ပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ