Local Celebrity: နှင်းဆီအဖွဲ့သားတွေနဲ့ ရုပ်ရှင်ရိုက်မယ့် မောင်မျိုးမင်း (ရင်တွင်းဖြစ်)

နှစ်လယ်ပိုင်းလောက်မှာ ရိုက်မယ်လို့ သိရပါတယ်။

play

 

ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ နှင်းဆီအဖွဲ့သားတွေနဲ့အတူ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ရုပ်ရှင် ရိုက်တော့မယ်လို့ သိရပါတယ်။ အဲ့ဒီရုပ်ရှင်ကို နှစ်လယ်ပိုင်းလောက်မှာ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

‘‘နှင်းဆီအဖွဲ့ပါမယ့် ရုပ်ရှင် က နိုင်ငံခြားကိုသွားရင်း ရိုက်တာ တွေလည်း ပါမယ်။ မြန်မာပြည် မှာလည်း ရိုက်မယ်။ အခုလောက် စတည်မှ ခရီးမသွားခင် ရိုက်ဖြစ် မှာ။ ထူးထူးဆန်းဆန်း ဒီမှာမရိုက် ဖူးတဲ့ ဇာတ်ကားမျိုးဖြစ်မယ်’’လို့ ဒါရိုက်တာ မောင်မျိုးမင်းက ဆိုပါတယ်။

play

 

နှင်းဆီအဖွဲ့သားများဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ နေတိုး၊ ထွန်းထွန်းနဲ့ ရဲလေး တို့ရဲ့ ရုပ်ရှင်မှာ ပြည်ပ ရိုက်ကွင်းများ ပါဝင်သလို မြန်မာပြည်ရဲ့ ရိုက်ကွင်းများလည်း ပါဝင်မှာ ဖြစ်ပြီး ထူးထူးဆန်းဆန်း ဇာတ်ကားမျိုး ဖြစ်တယ် လို့ သိရပါတယ်။ ဆက်လက်ပြီးတော့လည်း နှင်းဆီအဖွဲ့သားတွေရဲ့ အငြိမ့်ဖျော်ဖြေပွဲများကိုလည်း လာမယ့် နှစ်လယ် ပိုင်းလောက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

Source : 7day Daily

Photo : မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ