ထွန်းအိန္ဒြာဗိုကတော့ ၂၀၁၆ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေပြီး ခရစ်စမတ်မှာလည်း ပုံမှန်အတိုင်း သီချင်းဆိုဖို့ ရှိတယ်လို့ သိရပါတယ်။ နယူးရီးယားမှာလည်း အေးအေးဆေးဆေးနဲ့ ဓမ္မရံသီဘုန်းကြီးကျောင်းမှာ ရိပ်သာဝင်မယ်လို့ ဆိုပါတယ်။ တစ်ပတ်လောက်ကြမယ်လို့ သူမက ပြောပါတယ်။
တရားစခန်းဝင်ဖို့ စိတ်ကူးထားတာ ကြာပြီ ဖြစ်ပေမယ့် ဇာတ်ကားတွေဆက်တိုက်ရိုက်ဖြစ်နေတာကြောင့် မဝင်ဖြစ်ပဲ ကားရိုက်နားထားတဲ့အချိန် နဲ့ နှစ်သစ်ကူးလည်း ဖြစ်တဲ့အတွက် ဝင်ဖြစ်သွားလို့ သူမက ဆိုပါတယ်။ နယူးရီးယားပြီး သွားရင်လည်း ပုံမှန်အတိုင်း ဇာတ်ကားတွေ ပြန်ဝင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Source : 8days Journal
photo : ထွန်းအိန္ဒြာဗို ဖေ့စ်ဘွတ်