Local Celebrity: သီချင်းသစ်တစ်ပုဒ် အွန်လိုင်းမှာ တင်ပေးမယ့် ကျော်ထွဋ်ဆွေ

လက်ရှိအချိန်မှာတော့ ခရီးထွက်နေတယ်လို့ သိရပါတယ်။

play

 

အဆိုတော် ကျော်ထွဋ်ဆွေကတော့ ပရိသတ်တွေအတွက် အွန်လိုင်းပေါ်မှာ သီချင်းသစ်တစ်ပုဒ် တင်ပေးမယ်လို့ ဆိုပါတယ်။ သီချင်းတွေ လုပ်ထားတာ ရှိနေမယ့် လတ်တလောမှာ ပိုက်ဆံစုနေပြီး သီချင်းခွေအတွက် ပြင်ဆင် နေတယ်လို့ သိရပါတယ်။

play

 

"ရပ်ကွက်ထဲက အရူး" DVD ကိုတော့ မထွက်ဖြစ်တော့ဘူးလို့ သူက ဆိုပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအတွက် သီချင်းတွေကို အွန်လိုင်းကနေ တင်ပေးတော့မယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ကျော်ထွဋ်ဆွေက  Let's Go To China အစီအစဉ်နဲ့ တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ Let's Go အစီအစဉ်နဲ့ ဒီဇင်ဘာ(၁၅)ရက်နေ့က (၂၇)ရက်နေ့အထိ နှစ်ပတ်ကြာသွားရောက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့အတူ တရုတ်ပြည်အနှံ့ သွားရောက်ရိုက်ကူးရတဲ့ အတွက် ကျော်ထွဋ်ဆွေ တစ်ယောက် ပျော်နေပါတယ်။

Source : Popular news

Photo  : ကျော်ထွဋ်ဆွေ ဖေ့စ်ဘွတ်

ကျော်ထွဋ်ဆွေရဲ့ သီချင်းသစ်တွေ နားထောင်ဖို့ အသင့်ပဲလား။ »

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ