Local Celebrity: ရှင်ဥပ္ပဂုတ္တ ရုပ်ရှင်အတွက် သရုပ်ဆောင်တွေ ခေါ်ယူလျက်ရှိ

ဒီဇင်ဘာ (၃၀)ရက်နေ့အထိ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

play

 

ဝါဝါဝင်းရွှေ ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးကနေ ထုတ်လုပ်မယ့် "ရှင်ဥပ္ပဂုတ္တ " ရုပ်ရှင်အတွက် သရုပ်ဆောင်သစ် များ ခေါ်ယူနေတယ်လို့ သိရပါတယ်။ "ရှင်ဥပ္ပဂုတ္တ " ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်လိုသူများအနေနဲ့ ဒီဇင်ဘာ (၃၀)ရက်နေ့အထိ နောက်ဆုံးထားကာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

play

 

အဲ့ဒီရုပ်ရှင်ဇာတ်ကားအတွက် လျှောက်ထားလိုတဲ့ ဝါသနာရှင်များအနေနဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ် သာလမ်းမှာရှိတဲ့ အိမ်အမှတ် (၈၈)သို့ လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှ ဖြစ်စေ လျှောက်ထားနိုင်ပြီး လျှောက်ထားသူ များမှာ အသက် ၂၀ မှ ၂၅ နှစ်အတွင်း၊ မြန်မာလူမျိုး ၊ အရပ်အမြင့် ၅ပေ ၅ လက်မ နဲ့ အထက်၊ ဘာသာရေး ကိုင်ရှိုင်း ကာ အသောက်အစားကင်းရှင်းသူ၊ ဥပဓိ ရုပ်ကောင်းမွန် သူတို့ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Photo : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ