Local Celebrity: အဆိုတော် (၁၅)ဦးပါဝင်တဲ့ သင်္ကြန်သီချင်းခွေ

ကိုယ်တိုင်ငွေစိုက်ပြီး စီစဉ်နေကြတယ်လို့ သိရပါတယ်။

play

 

အဆိုတော်သူငယ်ချင်းများစွာ စုပေါင်းပြီး သင်္ကြန်စီးရီးခွေတစ်ခွေ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့အခွေမှာ အဆိုတော် (၁၅)ဦး ပါဝင်မှာ ဖြစ်ပြီး ပါဝင်သူအဆိုတော်များကိုယ်တိုင် ငွေစိုက်ပြီး ထုတ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

‘‘အဆိုတော် ၁၅ ယောက် လောက်ပါတယ်။ ကိုယ့်ဟာကိုယ် အကောင်းဆုံးဖြစ်အောင် အိတ် စိုက်ပြီး လုပ်တဲ့ အခွေလေး ပါ။ ပျော်ဖို့လည်း ကောင်းတယ်။ တစ် ယောက်တစ်မျိုးစီ အားလုံးစု ပေါင်းပြီး သင်္ကြန်ခွေလေးလုပ်နေ ပါတယ်’’လို့ ယုဇနက ဆိုပါတယ်။

သင်္ကြန်အခွေထဲမှာ ဂရေဟမ်၊ မျိုးကျော့မြိုင်၊ ဖြိုးကြီး၊ အနဂ္ဂ၊ သားကြီး၊ ဇွဲပြည့်၊ ကော်နီ၊ သံသာ ဝင်း၊ မေစံပယ်ညို၊ ယုဇန၊ ရှင်ဖုန်း၊ရေဗက္ကာဝင်း၊ ဂျင်းနီ၊ ဝိုင်းလေး၊ နန်းသီရိမောင်နှင့် ပန်းရောင်ခြယ် တို့ပါဝင်သီဆိုထားကြပါတယ်။ အခွေနာမည်ကိုတော့ "Fever" လို့နာမည်ပေးထားပြီး ဇန်နဝါရီလနောက်ဆုံးပတ်မှာ ထွက်ရှိနိုင်အောင် စီစဉ်နေတယ် လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ