Local Celebrity: ထားထက်ထက်ရဲ့ မွေးနေ့အလှူ

ဒီဇင်ဘာ (၁၉)ရက်နေ့က သူမရဲ့ မွေးနေ့ဖြစ်ပါတယ်။

play

 

ဒီဇင်ဘာ (၁၉)ရက်နေ့မှာ ကျရောက်တဲ့ အလှမယ် ထားထက်ထက်ရဲ့ မွေးနေ့ကိုတော့ သန်လျင်မြို့နယ် ပုဂံတောင် ကျေးရွာမှာရှိတဲ့ ကလေးငယ်လေးတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့အလှူအဖြစ် ပုဂံတောင် ကျေးရွာမှာရှိတဲ့ သံဃာတော်များ ကိုရင်ငယ်များနဲ့ ကလေးငယ်ပေါင်း ၃၀၀နီးပါးတို့ကို တစ်နေ့စာအလှူဒါနပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ပရဟိတလုပ်ငန်းများမှာ အမြဲတမ်း ပါဝင်တတ်တဲ့ ထားထက်ထက်ကတော့ မွေးနေ့မှာ  ကလေးတွေနဲ့ အတူ ပျော်ရွှင် စွာ ဖြတ်သန်းခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာမိတယ်လို့ ထားထက်ထက်က ဆိုပါတယ်။ သူမရဲ့ မွေးနေ့ကို ဆုတောင်း ပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။

play

 

ထားထက်ထက်ကတော့လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေသလို သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေဟာ ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Photo : ထားထက်ထက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ