Local Celebrity: တစ်ကိုယ်တော်အခွေကို နှစ်ဆန်းမှာ ဖြန့်မယ့် မေ

အဆိုတော်အဖြစ် အသိအမှတ်ပြုတာ ရချင်တယယ်လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင် မေကတော့ တစ်ကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေကို နှစ်ဆန်းပိုင်းလောက်မှာ ဖြန့်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေမှာ သီချင်း (၁၂)ပုဒ်ပါဝင်မှာ ဖြစ်ပြီး ဆရာရွှေဂျော်ဂျော်၊ ဇဝါ၊ ညီမင်းခိုင်၊ ရေမွန်၊ အောင်လ၊ နေခြည်ထွန်းထွန်၊စည်သူမင်းတို့က ရေးပေးထားတယ်လို့ သိရပါတယ်။

play

 

သူမအနေနဲ့ တစ်ကိုယ်တော်အခွေပြင်ဆင်နေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပြီး ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ပြေတီဦးနဲ့ "လှည့်ကွက်" ဇာတ်ကားကို ရိုက်ကူးထားတဲ့ မေဟာ လက်ရှိမှာ တော့ တေးစီးရီးဘက်ကို အချိန်ပေးနေရတာကြောင့် ဇာတ်ကားရိုက်ကူးမှုဘက်ကို လှည့်ဖြစ်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Source : 7day Daily

Photo  : မေ ဖေ့စ်ဘွတ်

မေရဲ့ သီချင်းသစ်တွေကို နားထောင်ဖို့ အသင့်ပဲလား။ »

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ