Local Celebrity: "မင်းအပြစ်" သီချင်းကို ဆင်ဆာငြိမှာစိုးနေတဲ့ မင်းသွေး

လက်ရှိမှာတော့ တရုတ်ပြည်ကို ရောက်ရှိနေပါတယ်။

play

 

တစ်ကိုယ်တော်စီးရီး" ထိုးစစ်" အခွေထဲမှာ ပါဝင်တဲ့ "မင်းအပြစ်" ဆိုတဲ့ သီချင်းကို MTV အဖြစ် ပုံဖော်ထားပြီးပြီ ဖြစ်သော်လည်း ဆင်ဆာငြိမှာကို မင်းသွေးတစ်ယောက် စိုးရိမ်နေပါတယ်။ အဲဒီသီချင်းရဲ့ MTV ထဲမှာ  ရက်ရက်စက်စက် လူသတ်တဲ့အခန်းတွေ ထည့်သွင်းရိုက်ကူးထားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

play

 

"မင်းအပြစ်" MTV ကို လူငယ်ဒါရိုက်တာ သည်ခေတ်နေက ပုံဖော်ပေးထားပြီး ဒါရိုက်တာကိုယ်တိုင်ကလည်း လူသတ် ကားတွေ ရိုက်ကူးရတာ ကြိုက်သလို  အဲဒီသီချင်းကို ပုံဖော်ထားရာမှာလည်း လူသတ်ပုံကို အသေးစိတ်ရိုက် ကူးထားတာ ကြောင့် ဆင်ဆာငြိမှာစိုးရိမ်နေတာလို့ သူက ဆိုပါတယ်။ အကယ်၍ အဲဒီသီချင်းကို ဆင်ဆာငြိခဲ့ရင်လည်း အစားထိုး လို့ရအောင် အခြားပုံစံတစ်မျိုးနဲ့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။"မင်းအပြစ်" MTV ဆင်ဆာငြိခဲ့ရင်တော့ အဲဒီသီချင်း ကို အွန်လိုင်းမှာ အခမဲ့တင်ပေးမယ်လို့ သူက ပြောပါတယ်။

play

 

"ထိုးစစ်" MTV ကို သီချင်းတစ်ဝက်ခန့် ရိုက်ကူးရန်ကျန်ရှိနေသေးပြီး လာမယ့် နှစ်အတွင်း ထွက်ရှိနိုင်ဖို့ ကြိုးစား သွားမယ်လို့ သိရပါတယ်။ အခုလောလောဆယ်အထိ ရိုက်ကူးထားတဲ့ သီချင်းတွေဟာ ခြောက်ပုဒ်ခန့်ရှိသွားပြီ ဖြစ်ကာ ကျန်တဲ့ ခြောက်ပုဒ်ကို တရုတ်နိုင်ငံက ပြန်လာမှပဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။မင်းသွေးက လက်ရှိမှာတော့ Let's Go အဖွဲ့ဝင်များနဲ့အတူ တရုတ်နိုင်ငံသို့ ရောက်ရှိနေပါတယ်။

Source : 7day Daily

Photo  : မင်းသွေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ