Local Celebrity: တစ်နှစ်တာအကောင်းဆုံး မြန်မာသံ အမျိုးသားတေးသံရှင်ဆုကို ရရှိခဲ့တဲ့ မနော

ရွှေFMကချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

play

လူကြီးလူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မနောကတော့ ဒီဇင်ဘာ (၂၁)ရက်နေ့ညက Shwe FM က ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး မြန်မာသံ အမျိုးသားတေးသံရှင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ ပါတယ်။ ဒီဆုဟာ မနောရဲ့ ပရိသတ်တွေ မနောကို ရစေချင်တဲ့ ဆုတစ်ဆုလည်း ဖြစ်ခဲ့ပါတယ်။

play

 

မနောရဲ့ သီချင်းတွေဟာ ၂၀၁၆ခုနှစ် သင်္ကြန်ကာလကနေစပြီးတော့ ပရိသတ်တွေ သတိထားမိလာတာဖြစ်ပြီး နယ်ပရိသတ်များပါက ရန်ကုန်ပရိသတ်များရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ မနောရဲ့ ဗိုလ်အောင်ဒင်သီချင်းကတော့ ကထိန်ကာလတစ်လျှောက်လုံးသာမက ယခုလက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတာ ဖြစ်ပါတယ်။

play

 

နောက်ထပ် မနောရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကတော့ "ကြာဖြူ"၊ "ရှင်မွှေးလွန်း"၊ "အလှူတော်" သီချင်းများ ကလည်း ပရိသတ်အသိအမှတ်ပြုတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ အဆိုတော်မနောဟာ တစ်ကိုယ်တော်အခွေများနဲ့ အတွဲအခွေများစွာ ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : မနောဖေ့စ်ဘွတ်

မနောရဲ့ သီချင်းတွေထဲက ဘယ်သီချင်းအကြိုက်ဆုံးလဲ။ »

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ