Local Celebrity: ယာဉ်မတော်တဆ ဖြစ်ခဲ့တဲ့ ယုန်လေး

သူတော့ ဘာမှ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

play

 

အဆိုတော်ယုန်လေးတစ်ယောက် ဒီဇင်ဘာ(၂၁)ရက်နေ့က ကားအက်ဆီးဒင့်ဖြစ်ခဲ့တယ်လို့ သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသား ထားပါတယ်။ ကားအက်ဆီးဒင့်ဖြစ်ခဲ့ပေမဲ့ ယုန်လေးကတော့ ဘာမှမဖြစ်ဘူးလို့ သိရပါတယ်။ ကိုယ်စီးတဲ့ ကားရဲ့ အရှိန်ကို ထိန်းနိုင်တယ်လို့ ထင်ထားတဲ့ ယုန်လေးတစ်ယောက် မထင်ထားတာတွေ ဖြစ်လာတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"မနေ့က မှ Good Night Songနဲ့ မိုင်လေး ဆုရတယ်ဆိုတော့ ငါ ပြန်ကံကောင်းပြီ ဇာတ်ကားတွေလည်း ရုံတင်တော့မယ် အကောင်းတွေ လာပြီဆိုပြီ ပျော်နေတုန်း မကြာပါဘူး ။ ကားတိုက်ရော ကိုယ်ကားကို အရှိန်ကိုနိုင်တဲ့ ကောင်တောင် မထင်ထားတာတွေလာဖြစ်တော့ ဘာမှလုပ်လို့မရတော့ဘူး။ တစ်ညလုံး ဆေးရုံကြီးက အဆောင် ပေါင်းဆုံ ပတ်နေရတယ်။ ဝိုင်းဝန်ကူညီပေးခဲ့သော ဆေးရုံကြီး မှ ဆရာ ဆရာမများ နှင်း ယဉ်ထိန်းရဲ အရာရှိ အားလုံးကို အထူးကျေးဇူးတင်ပါသည်။ ဇာတ်ကားရိုက်ရင်တော့ သွေးအတုပဲ ကျတာ အခုမှ နဖူးမှာသွေး အစစ်တွေကျနေပြီ။ ဆေးထည့်တော့ သွေးတိတ်သွားပါပြီ။ အဆိုးထဲက အကောင်းလို့ပဲတွေးလိုက်ပါတယ်။

သေလောက်တဲ့ အထိ ဘယ်သူမှမဖြစ်သွားတာ။ ကားဖြည်းဖြည်းမောင်း ရတော့မည် ။ ကိုယ်မှန်ပေမဲ့ လည်း သူမှား တော့သွားတာပဲ ဒါပေမဲ့ လူတွေထိခိုက်တော့ မမှားပေမဲ့လည်း ကုန်စိမ်းသည်အစ်ကိုတွေညီတွေကို အဆင်ပြေအောင် ကျွန်တော် အစအဆုံးတာဝန်ယူပေးလိုက်ပါတယ်။ ထုံးစံ အတိုင်း ဖြစ်ဖြစ်ချင်းလာကူညီတဲ့ ကိုလူမော် ကိုငယ်လေး ကျွန်တော်သူငယ်ချင်းကြီး မြင့်မြတ်တို့ကိုကျေးဇူးတင်ပါတယ်။"လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

ယုန်လေးက လက်ရှိမှာ ဖျော်ဖြေပွဲတွေ ဆိုနေပြီး သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း မကြာခင်မှာ ဆက်တိုက် ရုံတင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Photo : ယုန်လေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ