Local Celebrity: ဆုပန်ထွာသားလေးရဲ့ ရက်(၁၀၀)ပြည့်အလှူ

ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့၏ သားလေး Roar Roar ရဲ့ ရက်(၁၀၀)ပြည့် မွေးနေ့အလှူကို ဒီဇင်ဘာ (၂၃)ရက် ဒီနေ့မှာ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ သွားလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ဆေးရုံတစ်ခုလုံး အတွက် နံနက်စာ၊ ညစာတို့ကို လှူဒါန်းမှာ ဖြစ်သလို ကလေးတွေအတွက်ကိုလည်း အင်္ကျီများ၊ မုန့်များကိုသွားရောက် လှူဒါန်းမှာ ဖြစ်တယ်လို့ ဆုပန်ထွာရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

play

 

ဗဟိုအမျိုးသမိးဆေးရုံကြီးမှာ သွားရောက်လှူဒါန်းဖြစ်တဲ့ အကြောင်းကိုလည်း ဆုပန်ထွာက ယခုလိုပြောပြထားပါတယ်။

"တကယ်လိုအပ်နေတဲ့ နိုင်ငံပိုင်ဆေးရုံကြီးလည်းဖြစ်၊ Daddy ကိုမွေးပေးခဲ့တဲ့ဆေးရုံကြီးလည်းဖြစ်တာကြောင့် " လှူဒါန်းဖြစ်တာလို့ သူမကဆိုပါတယ်။

play

 

ဆုပန်ထွာရဲ့ သားလေး Roar Roar လေးဟာ လူချစ်လူခင်များပြားသလို ပရိသတ်တွေရဲ့  ချစ်ခြင်းကို ခံထားရတဲ့ ကလေးလေးတစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဆုပန်ထွာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ