Local Celebrity: ဆုရလို့ ဝမ်းသာနေတဲ့ ဟိန်းဝေယံ

Shwe FMရဲ့ ဖေ့စ်ဘွတ်ကတစ်ဆင့် အကြိုက်နှစ်သက်ဆုံး အနုပညာရှင် comment ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

Shwe FMရဲ့ (၇)နှစ်မြောက် နှစ်ပတ်လည်ဆုချီးမြှင့်တဲ့ပွဲမှာ ဟိန်းဝေယံက ၂၀၁၅-၂၀၁၆ တစ်နှစ်အတွင်း ဖေ့စ်ဘွတ် ကနေ တစ်ဆင့် အကြိုက်နှစ်သက်ဆုံး အနုပညာရှင် Comment ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဆုရရှိခဲ့တဲ့ အတွက်လည်း ဟိန်းဝေယံက အရမ်းကို ဝမ်းသာမိတယ်လို့ ဆိုပါတယ်။

play

 

သူ့အနေနဲ့ ဒီလိုမျိုး ဆုရမယ်လို့ မထင်ထားတဲ့အတွက် အရမ်းလည်းစိတ်လှုပ်ရှားခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"မနေ့က Shwe FM 7th Anniversary ပွဲမှာ Shwe Fm မှ ချီးမြှင့်တဲ့ ဆုကို ရရှိခဲ့တဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါ တယ်။ အမှန်တိုင်းပြောရရင် ဒီဆုကို ကျွန်တော် ရမယ်လို့ လုံးဝထင်မထားပါဘူး ။အဲဒီအတွက် ဝမ်းသာမိသလို အရမ်း လည်း စိတ်လှုပ်ရှားခဲ့ရပါတယ်။ စင်ပေါ်မှာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီး ထိန်းခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် လွဲချော်မှုများ ကျေးဇူးတင်စကားများ ပြောရန် ကျန်ရှိခဲ့ပါကလည်း ကျွန်တော့်ကို နားလည်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ"လို့ သူကဆိုပါတယ်။

play

 

သူ့ကို ရနေ့တိုင် အားပေးနေတဲ့ We love HWY နဲ့ Vote ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ၂၀၁၇ခုနှစ်ထဲမှာ ပရိသတ်တွေထက် ပိုပြီး ကြိုးစားသွားမယ်လို့ သူက ဆိုပါတယ်။

Photo : ဟိန်းဝေယံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ