Local Celebrity: ရည်းစားထားဖို့အစီအစဉ်မရှိသေးဘူးဆိုတဲ့ ဥက္ကာမင်းမောင်

ရည်းစားလည်း ထားလို့မရဘူးလို့ ဆိုလိုက်ပါတယ်။

play

 

Mister Tourism World 2016 ရဲ့ Winner တစ်ယောက်ဖြစ်ခဲ့တဲ့ ဥက္ကာမင်းမောင်ကတော့ ရည်းစားထားဖို့ အစီအစဉ် မရှိတော့ဘူးဆိုပြီး သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ပြောပြလိုက်ပါတယ်။ Winner တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင် ကတော့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေအများကြီး ရှိတာကြောင့် ရည်းစားလည်း ထားလို့မရဘူးလို့ ဆိုပါတယ်။

play

 

သူက သဝန်အရမ်းတိုတတ်တာဖြစ်တဲ့အတွက် ဝေးကွာနေတဲ့ အချစ်ရေးမျိုးကိုလည်း သူမခံစားနိုင်တာကြောင့် ရည်စားမထားသေးဘူးလို့ သိရပါတယ်။  ရည်စားထားဖို့ အစီအစဉ်မရှိသေးပေမဲ့ အသက်(၄၀)မပြည့်ခင်မှာတော့ အိမ်ထောင်ပြုပြီး ကလေးနှစ်ယောက်လောက်အထိ ယူဖို့တော့ အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။

play

 

ကလေးချစ်တတ်တဲ့ သူက လက်ရှိမှာ ကလေး တစ်ယောက်မွေးစားထားတယ်လို့လည်း သိရပါတယ်။Mister Tourism World 2016 ရဲ့ Winner တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်က ၂၀၁၇ ဇန်နဝါရီလကစပြီး ခရီးတွေ ထွက်ရတော့ မယ်လို့ သိရပါတယ်။  စင်္ကာပူ၊ဒူဘိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကို သွားဖို့အတွက် လောလောဆယ်မှာ လက်ခံထားပြီး မြန်မာပြည်ပြန်ရောက်တဲ့ အချိန်တိုင်းမှာလည်း အနုပညာအလုပ်များ မပြတ်အောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Source : Myanmar Celebrity

Photo   : ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ