Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်းအနုပညာသတင်း

Duwun ဝက်ဘ်ဆိုက်မှာ ပရိသတ်များ စိတ်ဝင်စားမှုအများဆုံး အနုပညာသတင်းတွေ ဖြစ်ပါတယ်။

play

 

အမြွှာသမီးလေးတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

အမြွှာရင်သွေးလေးတွေ လွယ်ထားတဲ့ ချစ်သုဝေကတော့ မကြာခင် မွေးလာတော့မယ့် သမီးလေးတွေအတွက် ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်နေတယ်လို့ သိရပါတယ်။ အမြွှာသမီးလေးတွေကို ဇန်နဝါရီလမှာ မွေးမယ်လို့ သိရပါတယ်။

play

 

ယာဉ်မတော်တဆ ဖြစ်ခဲ့တဲ့ ယုန်လေး

အဆိုတော်ယုန်လေးတစ်ယောက် ဒီဇင်ဘာ(၂၁)ရက်နေ့က ကားအက်ဆီးဒင့်ဖြစ်ခဲ့တယ်လို့ သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသား ထားပါတယ်။ ကားအက်ဆီးဒင့်ဖြစ်ခဲ့ပေမဲ့ ယုန်လေးကတော့ ဘာမှမဖြစ်ဘူးလို့ သိရပါတယ်။ ကိုယ်စီးတဲ့ ကားရဲ့ အရှိန်ကို ထိန်းနိုင်တယ်လို့ ထင်ထားတဲ့ ယုန်လေးတစ်ယောက် မထင်ထားတာတွေ ဖြစ်လာတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

တစ်နှစ်တာအကောင်းဆုံး မြန်မာသံ အမျိုးသားတေးသံရှင်ဆုကို ရရှိခဲ့တဲ့ မနော

လူကြီးလူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မနောကတော့ ဒီဇင်ဘာ (၂၁)ရက်နေ့ညက Shwe FM က ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး မြန်မာသံ အမျိုးသားတေးသံရှင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ ပါတယ်။ ဒီဆုဟာ မနောရဲ့ ပရိသတ်တွေ မနောကို ရစေချင်တဲ့ ဆုတစ်ဆုလည်း ဖြစ်ခဲ့ပါတယ်။

play

 

ချစ်သူသက်တမ်း (၃)နှစ်ရှိပြီဆိုတဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင်ပိုင်ဖြိုးသုက သူမမှာ ချစ်သူရှိတာကို ပရိသတ်တွေကို ထုတ်ပြောလိုက်ပြီ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း ကတော့ (၃)နှစ်ရှိပြီလို့လည်း သူမက ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ