Local Celebrity: ၂၀၁၇မှာ အလုပ်တွေ ပိုကြိုးစားလုပ်သွားမယ့် ရွှေထူး

ဆုရသွားတဲ့အတွက် ပိုပြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

play

 

Shwe FM (၇)နှစ်မြောက် နှစ်ပတ်လည်ဆုချီးမြှင့်ပွဲမှာ ၂၀၁၅-၂၀၁၇ခုနှစ်တွေအတွက် တစ်နှစ်တာပတ်လုံး သီချင်း အတောင်းခံရမှု အများဆုံး ဆုကို ရရှိသွားတဲ့ ရွှေထူးကတော့ ပရိသတ်တွေကို ကျေးဇူးတင်လို့ မဆုံးဖြစ်နေပါ တယ်။ သူ့ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကိုလည်း ပိုမိုကြိုးစားပြီး လုပ်ကိုင်သွားပ့ါမယ်လို့ သူက ဆိုပါတယ်။

play

 

၂၀၁၆ခုနှစ်ထဲမှာ သူ့ကို အားပေးသလိုမျိုးပဲ ၂၀၁၇ခုနှစ်ထဲမှာလည်း ဆက်ပြီး အားပေးကြပါဦးလို့ သူက ပြောပါတယ်။ ၂၀၁၇ခုနှစ်ထဲမှာလည်း အလုပ်တွေ လုပ်ဖို့ အများကြီးရှိသလို သူ့အနေနဲ့လည်း ပိုပြီး ကြိုးစားသွားပ့ါမယ်လို့ ဆိုပါ တယ်။သူ့အနေနဲ့ ပထမဆုံး ရိုက်ကူးမယ့် "ပတ်ပတ်စက်စက်ညှို့ " ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း နှစ်သစ်မှာ ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

Source : Myanmar Celebrity

Photo  : ရွှေထူး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ