Local Celebrity: ဝိုင်းစုခိုင်သိန်းရဲ့ မွေးနေ့အလှူ

ဒီနေ့ (ဒီဇင်ဘာ၂၄)ရက်နေ့ ဖြစ်ပါတယ်။

play

 

ဒီဇင်ဘာ(၂၄)ရက်နေ့ ဒီနေ့ကတော့ သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ အလှူကို ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့ကာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မသန်းစွမ်း လူငယ်ဖွံ့ဖြိုးရေး ကျောင်းမှာ လည်း တစ်နေ့စာ အာဟာရဒါနများ လှူဒါန်းထားကြောင်း သိရပါတယ်။

play

 

ဝိုင်းစုရဲ့ မွေးနေ့အကြိုပွဲကို မိတ်ဆွေများ၊ အနုပညာရှင်မောင်နှမများနဲ့အတူ ဒီဇင်ဘာ(၂၃)ရက်နေ့ညက ပြင်ဦးလွင် မြို့မှာ ကျင်းပခဲ့ပါတယ်။ ဝိုင်းစုကတော့ လက်ရှိမှာ ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားနေရပါတယ်။ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလထဲမှာ ပြုလုပ်သွားဖို့ စီစဉ်ထားပေမယ့်လည်း လက်ခံထားတဲ့ ပွဲတွေများနေတာကြောင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို နောက်ဆုတ်လိုက်ပါတယ်။

play

 

သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ ၂၀၁၇ (၁၀)လပိုင်းလောက်မှပဲ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Photo : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ