Local Celebrity: ပြင်ဦးလွင် ပန်းပွဲတော်ကို ရောက်နေတဲ့ မိုးယုစံတို့ ဇနီးမောင်နှံ

ပွဲတွေ ဆက်တိုက် တက်ဖြစ်နေတာလည်း တွေ့ရပါတယ်။

play

 

မိုးယုစံတို့ ဇနီးမောင်နှံကတော့ ပြင်ဦးလွင် ပန်းပွဲတော်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ မိုးယုစံတို့ ဇနီးမောင်နှံ ဟာ ဥရောပ(၆)နိုင်ငံကို ခရီးထွက်ပြီး နောက်ပိုင်းမှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားပဲ ပွဲတော်တော် များများမှာလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ 

play

 

အနုပညာမောင်နှမတွေ ပြုလုပ်တဲ့ ပွဲတိုင်းမှာ ဇနီးမောင်နှံနှစ် ယောက် အတူတူပွဲတက်တာတွေလည်း မြင်တွေ့ရပါ တယ်။ မိုးယုစံကတော့ အိမ်ထောင်ပြုပြီးသွားတဲ့ နောက်ပိုင်းအနုပညာအလုပ်တွေ ပြန်လုပ်နေတာကိုတော့ မတွေ့ရ သေးပါဘူး။ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုတော့ ပရိသတ်တွေစောင့်မျှော်နေကြမှ အမှန်ပါပဲ။

play

 

မိုးယုစံတို့ဇနီးမောင်နှံဟာ အောက်တိုဘာ၁၈ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာမော်ကွန်း တင်လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ပြီး မင်္ဂလာဦးဆွမ်းကျွေးကို မဟာစည်သာသနာ့ရိပ်သာမှာ အောက်တိုဘာ၂၀ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

play

 

စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Meliaဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲတွေကတော့ပရိသတ်တွေအားကြခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Photo : မိုးယုစံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ