Local Celebrity: ခိုလှုံရာလို့ ပေးထားတဲ့ ဇွဲပြည့်ရဲ့ ဒုတိယစီးရီး

သီချင်းဟောင်းတွေလည်း ပြန်ဆိုထားတယ်လို့ ဆိုပါတယ်။

play

 

ဒုတိယတစ်ကိုယ်တော်အခွေ ပြင်ဆင်နေတဲ့ ဇွဲပြည့်က စီးရီးခေါင်းစဉ်ကိုတော့ "ခိုလှုံရာ" လို့နာမည်ပေးထားပါတယ်။ အဲ့ဒီအခွေထဲမှာ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ သီချင်းဟောင်းများကိုလည်း ပြန်လည်သီဆိုထားတယ်လို့ သိရပါတယ်။

play

 

သီချင်းဟောင်းနဲ့ သီချင်းသစ်တွေကို မျှတစွာထည့်သွင်းထားပြီး သီချင်း ၁၂ပုဒ်ခန့်ပါဝင်မှာ ဖြစ်ကာ ဇန်နဝါရီလမှာ ဖြန့်မယ်လို့သိရပါတယ်။ အဲ့ဒီအခွေထဲမှာ သီချင်းဟောင်းတွေဖြစ်တဲ့  ‘ရက်ရက်စက် စက်’၊ ‘ဒိုးရတော့မယ်အချစ် ရယ်၊ သူသတိရရမရရ၊ အတ္တ၊ စတဲ့သီချင်းတွေပါဝင်တယ်လို့သူက ဆိုပါတယ်။

play

 

အောင်မြင်ခဲ့တဲ့ သီချင်းဟောင်းတွေကို ပြန်လည်သီဆိုရတဲ့အတွက် ကိုယ့်ကြောင့် သီချင်းပျက်စီး သွားတာမျိုး၊ တန်ဖိုးကျသွားတာမျိုးမဖြစ်စေဖို့လိုအပ်သလို တာဝန်လည်း အရမ်းကြီးတယ်လို့ ခံစားမိကြောင်း သူက ပြောပါတယ်။ "ခိုလုံရာ" စီးရီးထဲမှာ သီချင်းလေးပုဒ်ကို Music Video အဖြစ် ရိုက်ကူးပြီး ထည့်ပေးသွားမယ်လို့လည်း သိရပါတယ်။

Source : 7day Daily

Photo  : ဇွဲပြည့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ