Local Celebrity: ထွန်းထွန်းရဲ့ မွေးနေ့အလှူ

အသက်(၃၃)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။

play

 

ဒီဇင်ဘာ(၂၄)ရက်နေ့ ကတော့ သရုပ်ဆောင် အဆိုတော် ထွန်းထွန်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ အသက်(၃၃)နှစ်ပြည့်ပြီ ဖြစ်တဲ့ ထွန်းထွန်းက မွေးနေ့အလှူကို  ရန်ကုန်မြို့ ရှစ်မိုင်၊ "မစိုးရိမ်ရွှေကျင်တိုက်သစ်ကျောင်း"မှ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး သင်္ကန်နဲ့ဝတ္ထုငွေများလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ထွန်းထွန်းဟာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ "အိမ်ကြက်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေသလို နောက်ထပ် နှစ်သစ်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ လက်ခံထား တယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားကတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးမယ့် "အထိအတွေ့"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

play

 

ထွန်းထွန်းဟာ ၂၀၁၆ခုနှစ် အကယ်ဒမီပေးပွဲအတွက် ပရိသတ်တွေကြား ရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Source & Photo : sunday Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ