play

 

ဒီဇင်ဘာ(၂၄)ရက်နေ့က ကျရောက်ခဲ့တဲ့ ထွန်းထွန်းရဲ့ မွေးနေ့မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့သလို ပရိသတ်တွေနဲ့ လည်း ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရခဲ့တဲ့အတွက် သူ့အနေနဲ့ အရမ်းပျော်မိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မွေးနေ့မှာ WE LOVE TUNTUN EXAMPLEZ အဖွဲ့ကော အမာခံပရိသတ်တွေကိုပါ ကျေးဇူးတင်မိသလို အားလုံးရဲ့ မေတ္တာကြောင့် သူ့ရဲ့ မွေးနေ့လေးက နွေးထွေးခဲ့သလို အလုပ်တွေ အများကြီး ပိုကြိုးစားဖို့လည်း ခွန်အားတွေ ရခဲ့ပါပြီလို့ သူက ပြောပါတယ်။

play

 

ထွန်းထွန်းက လက်ရှိမှာ "အိမ်ကြက်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပြီး ဇာတ်ကားအကြောင်းကိုလည်း ယခုလို ပြောပြခဲ့ပါတယ်။ ‘‘အဲဒီကားမှာ အိမ်တွင်းအ ရှုပ်တော်ပုံတစ်ခုကို အကူအညီ တောင်းလို့ ဘုမသိ ဘမသိနဲ့ ရောက်သွားတယ်။ သပွတ်အူလို ရှုပ်ပွပြီး လောဘ ဒေါသတွေနဲ့ ကိုယ်ရစရာရှိတာကို တောင်းဆို ကြတယ်။ အဲဒါကို အခြေခံရိုက် ထားတဲ့ ဟာသပညာပေးဇာတ် ကားလေးပါ’’လို့ သူက ဆိုပါတယ်။

Source : 7day Daily ၊ ထွန်းထွန်းဖေ့စ်ဘွတ်

Photo  : ထွန်းထွန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video