AD
AD
AD
play

 

၂၀၁၇ခုနှစ် နှစ်ဆန်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျန်းမာရေး အခြေအနေ ကြောင့် ရက်ရွှေ့လိုက်ပြီလို့ သိရပါတယ်။ အကတိုက်ရင်း ခါးပြန်နာသွားတဲ့ နီနီခင်ဇော်ကတော့ ဖျော်ဖြေပွဲကို ဧပြီ(၁)ရက်နေ့မှပဲ ကျင်းပဖြစ်တော့မယ်လို့ ဆိုပါတယ်။

play

 

နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြင်သူ့ရင်ပြင်တွင် ပြုလုပ်သွားမှာ ဖြစ်ပြီး သီချင်း ၂၅ပုဒ်ခန့် သီဆိုရန် စီစဉ်ထားကာ အကအဖွဲ့များနဲ့ တင်ဆင်မှုများလည်း ပါဝင်မယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အတွက် ပြင်ဆင်နေတဲ့ သူမက Single Song အနေနဲ့ သီချင်းသစ်ထွက်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

play

 

နီနီခင်ဇော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ Shwe FM ဂီတဆုပေးပွဲမှာ ဖေ့စ်ဘွတ်ကနေတစ်ဆင့် သီချင်း အတောင်းခံရဆုံး တေးသံရှင်ဆုကို "သစ္စာမပျက်ကြေး " သီချင်းနဲ့ ရရှိခဲ့ပြီး သူမရဲ့ အနုပညာသက်တမ်း (၇)နှစ်အတွင်း ၁၀ ဆုမြောက် ရရှိတဲ့ ဂီတဆုဖြစ်ပါတယ်။

Source : 7day Daily

Photo  : နီနီခင်ဇော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD