Local Celebrity: တရုတ်ပြည်ရောက်နေတဲ့ ခင်ဝင့်ဝါ

ခရစ်စမတ်ကိုလည်း တရုတ်ပြည်မှာပဲ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင် ခင်ဝင့်ဝါကတော့ လက်ရှိမှာ တရုတ်ပြည်ကို ရောက်ရှိနေပါတယ်။ Let's Go အဖွဲ့တွေနဲ့အတူ တရုတ်ပြည် ကို ရောက်နေတဲ့ သူမက ခရစ်စမတ်ကိုလည်း တရုတ်ပြည်မှာပဲ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ မကြာခင်ကျရောက် မယ့် New Year ကတော့ ရန်ကုန်မှာရှိမယ်လို့ သိရပါတယ်။

play

 

တရုတ်ပြည်ကနေ ပြန်ရောက်ရင်လည်း ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ယခုနောက်ပိုင်း ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွေကို ကိုယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာတွေပဲ ရွေးချယ်ရိုက်ကူးဖြစ်သလို ပရိသတ်တွေ လက်ခံနိုင်မယ့် ကာရိုက် တာတွေကို အဓိကထားပြီး ရွေးချယ်ဖြစ်တယ်လို့ သိရပါတယ်။

play

 

ခင်ဝင့်ဝါဟာ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို အလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo : ခင်ဝင့်ဝါ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ