play

 

သရုပ်ဆောင် လှအဉ္ဇလီတင့်တစ်ယောက် ဒီဇင်ဘာ(၂၅)ရက်နေ့က မိခင်နဲ့အတူ သီလရှင်ဝတ်ကာ ကုသိုလ်ယူခဲ့ တယ်လို့ သိရပါတယ်။ မှော်ဘီမြို့၊ ဝါးနက်ချောင်းကြီးကျေးရွှာ၊ ဗောဓိရိပ်ငြိမ်တော်ရမှာ ဗောဓိအဉ္ဇလီအမည်နဲ့ ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

play

 

အဆိုပါကျောင်းဆောင်ဒီဇိုင်းကို သူမကိုယ်တိုင် ဒီဇိုင်းဆွဲကာ တစ်နှစ်ခွဲလောက် အချိန်ယူဆောက်လုပ် ခဲ့ရတယ်လို့  သိရပါတယ်။

play

 

လှအဉ္ဇလီတင့်ကတော့ အနုပညာအလုပ်တွေကိုလည်း မလုပ်တော့တာ ကြာပြီ ဖြစ်သလို နောက်ထပ်လည်း အနုပညာ အလုပ်တွေကို လုံးဝလုပ်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အနုပညာအလုပ်တွေကို အတိုင်းအတာတစ်ခုအထိ လုပ်ခဲ့ပြီးသွားပြီ ဖြစ်ကာ ယခုလို နားလိုက်တဲ့အခါမှာလည်း ဘုရားတရားဘက် ပိုပြီး အားစိုက်ကာ လုပ်ဖြစ်နေတယ်လို့ သူမက ဆိုပါသည်။

Source : မြတ်မဟာ(မဟာသုတသိပ္ပံ)

Photo  : Sunday Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video