Local Celebrity: မွေးနေ့မှာထွက်မယ့် စိုးပြည့်ပြည့်စံရဲ့ စီးရီးခွေ

ဒုတိယစီးရီးဖြစ်ပါတယ်။

play

 

Only One ဆိုတဲ့ တစ်ကိုယ်တော် စီးရီးခွေကို ထွက်ထားတဲ့ စိုးပြည့်ပြည့်စံကတော့ ဒုတိစီးရီးကို မကြာခင် ပရိသတ်တွေ လက်ထဲ အရောက်ပို့ပေးနိုင်တော့မယ်လို့ ဆိုပါတယ်။ ဒုတိယစီးရီးနာမည်ကတော့ Single Lady လို့ ပေးထားပြီး သူမရဲ့ မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ(၂၉)ရက်နေ့မှာ ထွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အဲ့ဒီစီးရီးအခွေထဲမှာတော့ သီချင်း(၁၄)ပုဒ်ပါဝင်မှာ ဖြစ်ပြီး Hip Hop၊ Rock & Roll၊ Country အမြူးတွေပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမအခွေမှာ ပရိသတ်တွေ အားပေးခဲ့သလို ဒုတိယခွေကိုလည်း ပရိသတ်အားလုံးရဲ့ အားပေးမှု၊ ချစ်ခင်မှုတွေကို လိုချင်ပါတယ်လို့ သူမက ဆိုပါတယ်။

play

 

The Sun က ဖြန့်ချိမယ့် သူမရဲ့ အခွေကို DVD အနေနဲ့ တန်းထွက်မှာ ဖြစ်တယ်လို့ သူမက ပြောပြပါတယ်။ အမိုက်စား ရိုက်ကူးမှုတွေ ပါဝင်တဲ့ သူမရဲ့ အခွေပရိုမိုးရှင်းပွဲကိုတော့ ဒီဇင်ဘာ(၂၉)ရက်နေ့ နေ့လယ် (၂)နာရီ ကနေ (၆)နာရီ အထိ ပြည်သူ့ရင်ပြင်တွင် သီချင်းများနဲ့ ဖျော်ဖြေကာ ပရိသတ်တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

Source : 8days Journal

Photo   : စိုးပြည့်ပြည့်စံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ